လုပ်ငန်းအများစုက ၎င်းတို့ ကုန်ပစ္စည်းကြော်ငြာတွေကို နာမည်ကြီးတဲ့ celebrityတွေ၊ လှပပြီး ထင်ရှားပေါ် လွင်စေမယ့နေရာတွေ၊ Luxury ဆန်ဆန်မျိုးတွေ၊ အသုံးအဆောင် အပြင်အဆင်ကောင်းတွေကို သုံးပြီး ကြော်ငြာကြတာများတယ်။ Clothing brand တွေ၊ Cosmetic ကြော်ငြာမျိုးတွေ၊ Home decoration အစရှိသဖြင့် ကြော်ငြာအများစုမှာ တွေ့ရပါတယ်။ဒီလို ကြော်ငြာတွေကို "beautiful ads" or "aesthetic ads” လို့ ခေါ်ပါတယ်။
ယခုနောက်ပိုင်း တစ်စ, တစ်စ တွေ့လာရတာကတော့ Aesthetic Ads နဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်တဲ့ Ugly Ads တွေပါပဲ။
Ugly ဆိုတဲ့ စကားလုံးကို မြင်လိုက်တာနဲ့ negative ဘက်ကို ပြောင်းပြီး မြင်ကြတာဖြစ်တဲ့အတွက် Ugly Adsတွေက ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Marketingလုပ်ရာမှာ ထိရောက်ပါ့မလားဆိုပြိး ထင်မြင်ချက်တွေ ရှိလာပါတယ်။ကျွန်မအနေနဲ့ကတော့ Ugly Ads တွေကို သဘောကျပါတယ်။
Visual Appealing ဖြစ်ပြီး modern creation တွေ အသုံးများလာတဲ့ Ads တွေကြားမှာ Authentic ဖြစ်ပြီးMemorable ဖြစ်တဲ့ဘက်ကို ဖော်ပြပေးတာကြောင့် ဖြစ်ပါတယ်။သင့်ကုန်ပစ္စည်းတွေကို Marketingလုပ်ရာမှာ Ugly Adsတွေကို သုံးကြည့်ရင် Effective ဖြစ်နိုင်လား?Polished & Aesthetic ဖြစ်တဲ့ ကြော်ငြာတွေကြားမှာ Ugly Ads တွေကက လူတွေရဲ့ attentionကို ပိုရနိုင်ပြီးတော့ curiosity - သိချင်စိတ်ကို ပိုဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့် Effective ဖြစ်စေနိုင်တယ်လို့ဆိုရပါမယ်။Ugly Adsတွေက beauty awardကိုတော့ မရနိုင်ပေမယ့် resultsကိုတော့ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ They feel Authentic ပါ။ ဟိုးမိုင်အကွာကနေလည်း သူတို့ရဲ့ ထူးခြားမှု၊ တစ်နည်းအားဖြင့် Ugly ဖြစ်တာက လူတွေကို ပုံမှန်မြင်တွေ့နေကျအရာတွေနဲ့ မတူတာကိုက ၎င်းတို့ရဲ့ Authentic ဖြစ်မှုပါပဲ။ နောက်တခုက They are eye-catching ပါ။ ပုံမှန် သွားနေကျ patternတွေနဲ့ မတူဘဲ Out of the box ဖြစ်တဲ့ အိုင်ဒီယာတွေကို သုံးထားတာဖြစ်တဲ့အတွက် လူတွေရဲ့ အမြင်မှာ မြင်လွယ်၊ မှတ်မိ လွယ်တယ် ပြောရပါမယ်၊ ဒါကိုက သူတို့ရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ Sometimes They look funny & memorable - တချို့ Ads တွေမှာက humor ဖြစ်တဲ့ဘက်ကို သွားပြီး create လုပ်ထားတာလည်း ဖြစ်တာဖြစ်တဲ့အတွက် လူတွေကို ရယ်မောစေပါတယ်။ ပြန်ပြီး မျှဝေကြတဲ့အခါမှာ Brand Awareness လည်း ရပြီးသားဖြစ်ပါတယ်။ They can also drive Higher Engagement - Higher Ads တွေကို လူတွေကို ပိုပြီး မှန်ကန်မှု၊
တသားတည်းရှိမှုကို ပြတာလည်း ဖြစ်တာကြောင့် သင့်ကုန်ပစ္စည်းအတွက် Engagement ကောင်းစေပါတယ်။
Ugly Adsတွေ create လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
Computerized လုပ်ရမယ့် နေရာမှာ Handwritten noteသုံးတာမျိုး၊ အဝါရောင် background မှာ အနီနဲ့ အပြာ color ကို မတူညီတဲ့ font type တွေလို Clashing color တွေ သုံးတာမျိုး၊Aggressive ဖြစ်တဲ့ Clickbait Headline ကို သုံးတာမျိုး၊ဥပမာ - "This is the WORST thing you’ll see today… but you CAN’T STOP watching!" အစရှိတဲ့ ugly Ads ဖန်တီးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
အကျဥ်းချုပ် ပြောရမယ်ဆိုရင်တော့ Ugly Adsရဲ့ အရင်းအမြစ်က Imperfection ဖြစ်ပါတယ်။ အရမ်းကို Polish ဖြစ်ဖို့ လုပ်ဆောင်ရာကနေ Engagement မရနိုင်တော့သလို Imperfectionကို ကောင်းကောင်းမွန်မွန် အသုံးချတဲ့အခါမှာ Engagement ကောင်းပြိး Effective ဖြစ်စေနိုင်ပါတယ်။ Ugly Ads နဲ့ပတ်သတ်ပြီး လေ့လာဖတ်ရှုနိုင်ရန် အောက်ပါ websiteများကို ဖော်ပြပေးလိုက်ပါတယ်။