What is Digital Marketing?Digital Marketing ဆိုတာ ဘာလဲ?

Digital Marketing ကို အရိုးရှင်းဆုံးနားလည်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ ထုတ်ကုန်(ဝန်ဆောင်မှု/လုပ်ငန်း)ကို ဒစ်ဂျစ်တယ်ကြားခံနယ်တွေသုံးပြီး မှန်ကန်တဲ့ စားသုံးသူဆီ မှန်ကန်တဲ့ အချိန်မှာ ကုန်ကျမှုသက်သက်သာသာနဲ့ အထိရောက်ဆုံးနည်းလမ်းတွေသုံးပြီး ရောင်းချတာဖြစ်ပါတယ်။Digital Marketing ကို အခြေခံအားဖြင့် အမျိုးအစား(၅)မျိုး ခွဲလို့ ရပါတယ်။
[1] Search Engine Optimization
ကိုယ်ပိုင် Websiteဆောက်ပြီး ကိုယ့်ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုကို တင်ပြီး ရောင်းတာဖြစ်ပါတယ်၊ ဒီနေရာမှာ ကိုယ့်ဝက်ဆိုဒ်က လူအများရှာတဲ့အခါမှာ ထိပ်ဆုံးရောက်နေဖို့ မှန်ကန်တဲ့ Keywordတွေ၊ Linkbuildingတွေလုပ် ပြီး ဆောင်ရွက်တာကို SEO လုပ် တာလို့ ခေါ်ပါတယ်။ SEO ကောင်းတယ်လို့ ပြောတာကြားဖူးမှာပါ။ ဒီနေရာမှာ Website က rankingဘယ် လောက် ကောင်းလဲ၊ traffic ရှိ/မရှိ စတာတွေကို သုံးသပ်ပြီးမှသာ အမှန်တကယ် SEO လုပ် ထားတယ်လို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
[2] Social Media Management
Facebook / Tik Tok အစရှိတဲ့ social media platformတွေကနေ ကိုယ့်ထုတ်ကုန်ကို engaging contentတွေဖန်တီးပြီး ရောင်းချခြင်းဖြစ်ပါတယ်။ Campaignတွေ run ပြီး cost သက်သက် သာသာနဲ့ အထိရောက်ဆုံးရောင်းချနိုင်ဖို့ဖြစ်ပါတယ်။ads, reels, stories, and influencer marketingတွေသုံးပြီး မှန်ကန်တဲ့ audienceဆီကို ရောက်ဖို့ လိုပါတယ်။
[3] Pay-Per-Click (PPC) Advertising
Google Ads, Facebook Ads, YouTube Ads အစရှိတဲ့ paid Ads တွေသုံးပြီး ကိုယ့်ထုတ်ကုန်ကို သုံးဖို့ အလားအလာအရှိဆုံး Audienceဆီကို ရောက်အောင် လုပ်တာဖြစ်ပါတယ်။ဥပမာ - လူတယောက်က ဖူးခက်မှာရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကို Facebook or Google အစရှိတဲ့ နေရာမှာ ရှာတဲ့အခါ ကိုယ့်ဟိုတယ်က Ads run ထားတယ်၊ သတ်မှတ်ချက်တွေထဲလည်း ဝင်တယ်ဆိုရင် ကိုယ့်ဟိုတယ်ကို အရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။
[4] Content Marketing
Contentတွေ ဖန်တီးပြီး ကိုယ့်ရဲ့ audience ကို ကိုယ့်ထုတ်ကုန်အကြောင်း အသိပညာပေးပြီး ရောင်းချခြင်း ဖြစ်ပါတယ်။ Content လို့ ပြောတဲ့အခါမှာ Blog , Videos , Infographics အစရှိတဲ့အရာတွေ အကုန် ပါဝင်တယ်ဆိုတာကို သိရှိထားဖို့ လိုပါတယ်။ ဒီနေရာကနေလည်း SEO Ranking ကောင်းဖို့၊ Brand Awareness / Authority ရရှိနိုင်တယ်ဆိုတာကိုလည်း သိရှိထားရပါမယ်။
[5]E-mail Marketing 📩
ကိုယ့်ရဲ့ ထုတ်ကုန်ကို သိပြီးသား၊ စိတ်ဝင်စားမှုရရှိထားပြီးသား Audience တွေဆီကို အီးမေးလ်ပို့ပြီး ဝယ်ယူချင်လာအောင် ဆွဲဆောင်ရောင်းချခြင်းဖြစ်ပါတယ်။ဥပမာ - လက်ကိုင်အိတ်ဆိုင်မှ Discount ပေးတဲ့ အခါမျိုးမှာ E mail ပို့ပြီး Discount ပေးနေကြောင်း၊ ဒီအချိန်မှာ ဝယ်ယူရင် ဘယ်လိုအကျိုးရှိကြောင်း အစရှိသဖြင့် ကြေညာရောင်းချခြင်းဖြစ်ပါတယ်။