What is E-mail Marketing? E-mail Marketing ဆိုတာဘာလဲ?

E-mail marketing is a type of digital marketing that was sent to potential customers or existing customers about our products for discounts or offer or newsletter by using e mail service provider.
E-mail marketing ဆိုတာ ဒစ်ဂျစ်တယ်မားကတ်တင်းအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ပတ်သတ်တဲ့ ကြေညာစာ၊Discount / Newsletter အစရှိတာတွေကို ကိုယ့်ရဲ့ customerဖြစ် ပြီးသားသူတွေ၊ customer ဖြစ် လာမယ့်သူတွေဆီကို E mail Marketing toolsတွေ ဖြစ်တဲ့ Mailchimp / SendGrid/ Constant Contact / ConvertKit /GetResponse အစရှိတာတွေ အသုံးပြုပြီး အလုံးအရင်းနဲ့ ပေးပို့တာဖြစ်ပါတယ်။ E-mail Marketing အမျိုးအစားကို အများအပြားခွဲခြားဖော်ပြလို့ ရပါတယ်။ အခြေခံအားဖြင့် Transactional E-mail နဲ့ Marketing E-mail ဆိုပြီး ၂ မျိုးခွဲထားပါတယ်။Transactional E mail နဲ့ Marketing E mail က Transactional က အသုံးပြုသူအတွက် ပိုအရေးကြီးပါတယ်။ဒါကြောင့် မေးလ်ပို့တဲ့အခါမှာ ခွဲခြားပြိး ပေးပို့ဖို့ လိုပါတယ်။
Transactional E-Mail ဆိုတာ ဘာလဲ။
Transaction e -mail ဆိုတာ user တစ်ယောက်တည်းအတွက် သီးသန့်ရည်ညွှန်းပြီးuserအနေနဲ့ website / Application အစရှိ တာတွေမှာ လုပ်ဆောင်ချက် တစ်ခုခုလုပ်လိုက်တဲ့အခါမျိုးမှာ ၎င်းတစ်ဦးဆီကိုသာ သီးသန့်ပေးပို့တာမျိုးဖြစ်ပါတယ်။ ဥပမာ - ကိုယ်က facebook အကောင့်ဖွင့်တဲ့အခါမှာ အကောင့်နဲ့ပတ်သတ်တဲ့ codeကို အသုံးပြုသူရဲ့ e mailကို အချိန်ပိုင်းအတွင်းပေးပို့တာမျိုး၊ လကုန်တဲ့အခါ ဘဏ်တွေမှ ဘေလ်စာရင်းပေးပို့တာမျိုးတို့ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ထုတ်ကုန်တစ်ခုခုကို ဝယ်ယူတဲ့အခါမှာ Order Confirmation Mail ပို့တာလည်းပါဝင်ပါတယ်။အမျိုးအစား အားဖြင့် Password reset e mail / Shipping E mail / Order Confirmation E mail / Welcome E mail / Job announcement E mail / Payment Invoice E mail့ တို့ဖြစ်ပါတယ်။မေးလ်တခုဝင်လာတဲ့အခါမှာ No Reply ဆိုပြီး ပါလာရင် ဒါကို systemက ပေးပို့တာဖြစ်တဲ့အတွက် Transactional E - Mail လို့ သတ်မှတ်လို့ရပါတယ်။
Marketing E-mail ဆိုတာဘာလဲ။
Marketing E mail ဆိုတာ အဓိကအားဖြင့် ကိုယ့်ရဲ့ ထုတ်ကုန်ကို ရောင်းချရဖို့ အတွက် ကိုယ့်ရဲ့ customerတွေ၊ အလားအလာရှိတဲ့သူတွေဆီကို Discount /Offer စသဖြင့် commercially ေပးပို့ ဆွဲဆောင်တဲ့ မေးလ် တွေက တော့ Marketing E mailတွေပဲ ဖြစ်ပါတယ်။customerအနေနဲ့ subscribe လုပ်ထားမိရုံနဲ့ ပုံမှန် မေးလ်ပို့တာကို လက်ခံရရှိနေတာဖြစ်ပါတယ်။ ဥပမာ - အခုလို ကျောင်းဖွင့်ခါနီး ဒီရက် ကနေ ဒီရက်အတွင်းကို ဝယ်ရင် ပုံမှန် 10000 ကျပ်တန်ကို 5000ကျပ်နဲ့ ရမှာဖြစ်ပါတယ်။ အကျီလေး ဝယ်ပြီးတဲ့အခါမှာ ဒီဘောင်းဘီလေးကိုပါ တခါတည်း ဝယ်မယ်ဆိုရင် ပုံမှန်စျေးထပ် ဘယ်လောက်သက်သာပါမယ် အစရှိသဖြင့် ဖြစ်ပါတယ်။
E - mail Marketing အသုံးပြုခြင်းရဲ့ အားသာချက် -
Cost Effective - Traditional Marketing လိုမျိုး အသုံးပြုစရာပြုလုပ်ရမယ့်အဆင့်တွေ၊ ရင်းနှီးရမယ့် အရာတွေ အများကြီးမလိုဘဲ၊ အချိန်ကုန် လူပင်ပန်းသက်သာပါတယ်။ကုန်ကျစရိတ်သက်သာပါတယ်။
High ROI - E mail marketing ကို target segment မှန်ကန်စွာအသုံးပြုတတ်မယ်ဆိုရင် ပြန်ရရှိမယ့် အကျိုးအမြတ် ( ROI ) များပါတယ်။
Direct Communicate - ထုတ်လုပ်သူမှ ပေးပို့လိုက်တဲ့ မေးလ်က အသုံးပြုသူရဲ့ မေးလ်ကို တိုက်ရိုက် ရောက်ရှိသွားတာဖြစ်တာကြောင့် အသုံးပြုသူနဲ့ ထုတ်လုပ်သူအကြားမှာ တိုက်ရိုက်ဆက်သွယ် ေပြာဆိုနိုင်တာလည်း ဖြစ်ပါတယ်။
Measurable - ထုတ်လုပ်သူဘက်မှ ပေးပို့တဲ့ မေးလ်ကို ပို့လိုက်တဲ့အရေအတွက် အသုံးပြုသူအကုန်က ဖွင့်ကြည့်လား / မကြည့်လား၊ စိတ်အနှောက်ယှက်ဖြစ်ပြီး unsubscribe လုပ်လိုက်သ လား၊ ကိုယ်ပို့လိုက်တဲ့ ဒီမေးလ်ကနေပြီး စိတ်ဝင်စားပြီး စျေးလာဝယ်တာမျိုး ဘယ်လောက်ရှိလဲ စ သဖြင့် Dataတွေကို တိုင်းတာလို့ရပါတယ်။
E mail Sending Platform ( ESP ) or E mail Marketing Toos တွေကို အသုံးပြုဖို့ အမျိုးအစားခွဲခြားတဲ့အခါမှာ အသုံးပြုနိုင်တဲ့ Budget ၊ လုပ်ငန်းအမျိုးအစား၊ အသုံးပြုချင်တဲ့ Featureတွေ အပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Beginner level တွေအတွက်ဆိုရင် Mailchimpက အသုံးများတဲ့ Tool တစ်ခုဖြစ် ပါတယ်။Large Enterprises တွေမှာ အသုံးများတာကတော့ HubSpot, Salesforce အစရှိ တာတွေ ဖြစ်ပါတယ်။